သတင်း နှင့် ဗဟုသုတများ

blog photo
  • 2022-12-22

ဖခင်မကွယ်လွန်မီ အမည်ပြောင်းသူ

မူလက ဖခင်အမည်ပေါက် ဂရန်မြေသည် ဖခင်မကွယ်လွန်မီတွင် သားသမီး တစ်ဦးဖြင့် အမည်ဖြင့် ဂရန် အမည်ပေါက်ပြောင်းသွားပါက ဖခင်ကွယ်လွန် သည့်အချိန်တွင် အဆိုပါဂရန်မြေသည် အမွေပစ္စည်းအဖြစ် ကျန်ရန်ပါသလား ။ ကျန်သားသမီးများက အမည်ပေါက်သားသမီးအား ဖခင်အမည်ပေါက်ခဲ့သည့် အဆိုပါ ဂရန်မြေကို အမွေပုံစီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုနိုင်ပါသလား။
++++++++++++++++++++++++++++++++++++++++++++
  အချင်းဖြစ်ဂရန်မြေသည် မူလက အမွေရှင် ဦးမြတ်စံ ဂရန်အမည် ပေါက်မြေဖြစ်သော်လည်း မိဘများ သက်ရှိထင်ရှားရှိစဉ်ကပင် တရားပြိုင် အမှတ် (၁) ဒေါ်ခင်ဌေးမြင့်အမည်ဖြင့် နှစ် ၃၀ ဂရန် ရရှိခဲ့ပြီး တရားစွဲဆို ချိန်တွင် ဂရန်သက်တမ်းကုန်ဆုံးသော်လည်း ဒေါ်ခင်ဌေးမြင့်ကပင် ဂရန်အရ ရရှိခဲ့သည့် အခွင့်အရေးအရ ဆက် လက်အသုံးပြုခံစားနေခြင်းဖြင့် အမွေရှင်ဦးမြတ်စံ ကျန်ရှိသော အမွေပုံပစ္စည်းအဖြစ် တည်ရှိခြင်းမရှိတော့သဖြင့် အယူခံရုံး အဆင့်ဆင့်တို့က အမွေရှင်ဦးမြတ်စံကွယ်လွန်စဉ် အမွေပုံပစ္စည်းကျန်ရစ်ခြင်း မရှိတော့ကြောင်း တညီ တညွတ်တည်းဆုံးဖြတ်၍ အယူခံတရားလိုစွဲဆိုသော အမှုကို ပလပ်ခဲ့ခြင်းသည် မှားယွင်းခြင်းမရှိပေ ဟူ၍ ဦးမျိုးမင်းသိန်း (ကွယ်လွန်သူ ဦးခင်မောင်ရင်၏တရားဝင်ကိုယ်စားလှယ် ) နှင့် ဒေါ်ခင်ဌေးမြင့်ပါ- ၆ ၊ ၂၀၁၃ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ ၈၇ အမှုတွင် လမ်းညွန်ဆုံးဖြတ်ထားချက်အရ -

 မူလက ဖခင်အမည်ပေါက် ဂရန်မြေသည် ဖခင်မကွယ်လွန်မီတွင် သားသမီးတစ်ဦးဖြင့် အမည်ဖြင့် ဂရန် အမည်ပေါက်ပြောင်းသွားပါက ဖခင်ကွယ်လွန်သည့်အချိန်တွင် အဆိုပါဂရန်မြေသည် အမွေပစ္စည်းအဖြစ် ကျန်ရစ် ခြင်းမရှိတော့ပါကြောင်းနှင့် ကျန်သားသမီးများက အမည်ပေါက် သားသမီးအား ဖခင်အမည်ပေါက်ခဲ့သည့် အဆိုပါ ဂရန်မြေကို အမွေပုံစီမံခန့်ခွဲ ပေးစေလိုမှုဖြင့် တရားစွဲဆိုနိုင်ခွင့်မရှိတော့ပါကြောင်း လေ့လာတွေ့ရှိရသည်ကို တင်ပြအပ်ပါသည်။

စာချုပ်ရှေ့နေ (ဦးအောင်ဇေယျ)

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။