သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-01-06

မျက်ခွံမှာ အဆီတွေစုလာရင် ဘယ်လိုလုပ်လို့ရလဲ

မျက်ခွံမှာ အဆီတွေစုလာရင် ဘယ်လိုလုပ်လို့ရလဲ

အပေါ်မျက်ခွံ၏ အတွင်းထောင့် အရေပြားအတွန့်လေးရဲ့ အပေါ်ဘက်တွင် ရှည်လျားလျား အဝါကွက်လေးတစ်ခု တွေ့မြင်ရပါတယ်။

အဝါကွက်လေးဟာ အရေပြားနဲ့တညီတညာတည်းမဟုတ်ဘဲ အပေါ်ဘက်သို့ ကြွတက်နေပါတယ်။

ပထမတော့ အပေါ်မျက်ခွံတစ်ဖက်မှာပဲ ပေါ်တတ်ပြီး နောက်တော့ ကျန်မျက်စိတစ်ဖက်ရဲ့ အပေါ်မျက်ခွံမှာပဲပေါ်လာပြီး အချိန်ကြာလာတဲ့အခါမှာတော့ မျက်စိနှစ်ဖက်လုံး အပေါ်မျက်ခွံ၊အောက်မျက်ခွံ လေးနေရာလောက်ပေါ်တတ်ပါတယ်။

အဲဒီ့အဝါကွက်တစ်ကွက်ချင်းရဲ့ အရွယ်ဟာလည်း တဖြည်းဖြည်း နည်းနည်းကြီးလာပါတယ်။

အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ မျက်ခွံအရေပြားထဲမှာ အဆီတွေ စုလာလို့ဖြစ်ပါတယ်။

သွေးထဲမှာ အဆီဓာတ်များတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

အမျိုးသားတွေမှာ ဖြစ်ရင်တော့ အလှအပအတွက် အရေးမကြီးပေမယ့် အမျိုးသမီးတွေမှာဖြစ်မယ်ဆိုရင်တော့ ပြသာနာတစ်ခု ဖြစ်နေပါတယ်။

အဲဒီလို လှချင်ပချင်တဲ့သူတွေအနေနဲ့ အဲဒီအဝါကွက်နေရာကို ဖယ်ရှားပစ်ရန်အတွက် ခွဲစိတ်ကုသမှု ခံယူကြတာ တွေ့ရပါတယ်။

Credit -ဒေါက်တာမင်းသိမ်း(မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး)

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။