သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-01-10

အကွက်ပြည့် မဟုတ်သောဂရန်မြေဝယ်ရာတွင် သတိထားသင့်သည့်အချက်များ

ဂရန်မြေဝယ်ရာတွင် ပေ အပြည့်ရှိသော အကွက်များဝယ်ယူခြင်းသည် အမည်ပြောင်းရာတွင် အရောင်းမြေပုံထုတ်ပြီး မှတ်ပုံတင်စာချုပ်ချုပ် အမည်ပြောင်းစသည်ဖြင့် သိပ်ခက်ခဲစွာလုပ်ဆောင်စရာမလိုပဲ ကိုယ့်အမည်ပေါက် ြဖစ်ရန်လွယ်ကူ ပေမယ့် ပေ ၂၀ ၆၀ သို့ ၂၅ ၆၀ သို့ ပေ ၃၀ ၆၀ စသဖြင့် ခွဲဝယ်ယူရာတွင် ကိုယ့်အမည်ပေါက်ရေးအတွက် ဂရန်ခွဲစိတ်အဆင့်ကိုသွားကြရတော့သည်။ ထိုသို့ ဂရန်ခွဲစိတ်ရာတွင် စည်ပင်သတ်မှတ်ချက်အရ SQft 1200 ပြည့်မှသာ ဂရန်ခွဲပေးမည်ဖြစ်တာကြောင့် ပေ ၄၀ ၆၀ တစ်ခြံတည်းတွင် ခွဲစိတ်မည့်မြေသည် အနည်းဆုံး Sqft 1200 ရှိ ပြီး ကျန်မြေသည်လည်း Sqft 1200 ကျန်နေမှသာလျင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဂရန်ခွဲခြင်းကို ဆောင်ရွက်ပေမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က( ပေ ၂၅ ၆၀/ ၃၀ ၆၀) ဝယ်ထားပြီး ကျန်မြေမှာ (ပေ ၁၅ ၆၀/၁၀ ၆၀ )ဖြစ်နေပါလျင် ဂရန်ခွဲခြင်းကို ဆောင်ရွက်၍မရသည်ကိုသတိပြုစေချင်ပါသည်။ သို့ဖြစ်ပါ၍ ပေ ၂၀ ၆၀ ဝယ်ယူသောအခါတွင် ကျန်မြေသည် ပေ ၂၀ ၆၀ ပြည့်ရဲ့လားဆိုတာ သေချာစစ်ဆေးဝယ်ယူစေချင်ပါသည်။ 

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။