သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-08-10

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သတ်၍ သီတင်းထုတ်ပြန်ချင်း

     ကျန်းမာရေးဝန်ကြီးဌာနသည် Covid-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့်

အသွားအလာကန့်သတ်ထားရှိသူများအား Covid-19 ရောဂါရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျှက်ရှိပြီး

(၈.၈.၂၀၂၃) ရက်နေ့၊ ည ၈ နာရီမှ (၉.၈.၂၀၂၃) ရက်နေ့၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၇၀၂) ခုအား

စစ်ဆေးပြီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာအသစ် (၇) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက်

ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်းရှိပါသည်။

     သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲလူနာစုစုပေါင်း (၁၁,၀၆၆,၉၄၃) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ

စုစုပေါင်း (၆၄၁,၁၀၇) ဦးရှိပြီဖြစ်ပါသည်။

     ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင်သီးခြားထားရှိကုသပေးခြင်းများ

ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၄) ဦးရှိသဖြင့် ယနေ့အထိပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း

(၆၁၉,၉၁၂) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိသေဆုံးသူ စုစုပေါင်း

(၁၉,၄၉၄) ဦး ရှိပါသည်။

     COVID-19 ရောဂါဆိုင်ရာသီတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm

တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။