သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-11-16

နှလုံးရောဂါ၏သတိပေးလက္ခဏာများ

  • ၁) ရင်ဘတ်အောင့်ခြင်း
  • ၂) အသက်ရှူတိုတောင်းခြင်း
  • ၃) နှလုံးခုန်အလွန်မြန်ခြင်းနှင့်မမှန်ခြင်း
  • ၄) သတိလစ်မေ့မြောခြင်း

 

နှလုံးကြွက်သားသို့သွေးရောက်မှုနည်းသောရောဂါ

ယခုအခါတွင်ထိုင်းနိုင်ငံအနေဖြင့်နှလုံးကြွက်သားသို့သွေးရောက်မှုနည်းသောရောဂါကြောင့်သေဆုံးမှုကို ထိပ်ဆုံးမှဖြစ်စေသောရောဂါဖြစ်သည်။အဘယ့်ကြောင့်ဆိုသောနှလုံးကြွက်သားများရရှိရမည့်အောက်ဆီဂျင်နှင့်အာဟာရဓါတ်များလျော့နည်းရရှိသဖြင့်အကောင်းဆုံးလုပ်ဆောင်နိုင်မရှိတော့ပေ။ယင်းကြောင့်နှလုံး ကြွက်သားကိုအကောင်းဆုံးလုပ်ဆောင်မှုကိုထိခိုက်စေပြီးယင်းမှတဆင့်နှလုံးအားနည်းရောဂါဖြစ်လာရ သည်။

နာကျင်မှုဝေဒနာသည်ရင်ဘတ်အလယ်ခေါင်တွင်ဖြစ်ပေါ်ပြီးထိုမှတဆင့်လက်မောင်း၊လည်ပင်းသို့မဟုတ် မေးရိုးများသို့ပြန့်နှံ့သွားသည်။ယင်းအပြင် ချောင်းဆိုးလိုခြင်း၊ချောင်းဆိုးခြင်း၊ချွေးထွက်ခြင်း၊အသက်ရှူတို တောင်းခြင်း၊မူးဝေခြင်းနှင့်သတိလစ်မေ့မြောခြင်းတို့ ဖြစ်ပေါ်နိုင်သည်။လေ့ကျင့်ခန်းလုပ်စဉ်နှင့်စိတ်ဖိစီးမှုများ စဉ်ယင်းလက္ခဏာများဖြစ်ပေါ်ပြီးတဖြေးဖြေးဆိုးရွားလာသော်လည်းလေ့ကျင့်ခန်းရပ်လိုက်လျှင်ယင်းလက္ခဏာများပေါ်ပေါက်မလာတော့ပေ။

 

ရောဂါကာကွယ်နည်းများ

ဖြစ်နိုင်ခြေအဆင့်ပြကိန်းများနှင့်နီးစပ်မှုရှိသူများမှာနှလုံးကြွက်သားသို့သွေးရောက်မှုနည်းသောရောဂါ ဖြစ်နိုင်ခြေများသလိုအခြားသူများထက်ဖြစ်လျှင်လည်းပြင်းထန်နိုင်သည်။ထို့ကြောင့်ဖြစ်နိုင်ခြေအဆင့်ပြကိန်း များလျော့ချခြင်းဖြင့်ကာကွယ်နိုင်သလိုနှလုံးကြွက်သားသို့သွေးရောက်မှုနည်းသောရောဂါကြောင့်သေဆုံးရမှုများကိုလည်းလျော့ချနိုင်ပေမည်။

 

နှလုံးကြွက်သားသို့သွေးရောက်မှုနည်းသောရောဂါ၏ဖြစ်နိုင်ခြေအဆင့်ပြကိန်းများလျော့ချနည်း

  • ၁) ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ခြင်း
  • ၂) ကျန်းမာရေးနှင့်ညီညွတ်သည့်ကိုယ်အလေးချိန်ကိုထိန်းထားခြင်း
  • ၃) လေ့ကျင့်ခန်းယူခြင်းနှင့်လုံလောက်သောအနားယူခြင်း
  • ၄) ဆီးချို၊သွေးချို၊ကိုလက်စထရောနှင့်သွေးတိုးတို့ကိုထိန်းခြင်း၊

 

လေ့ကျင့်ခန်းပြုလုပ်ပြီးနှလုံးရောဂါကိုစမ်းသပ်ခြင်း

ကျွမ်းကျင်သူဆရာဝန်နှင့်သင့်၏နှလုံးအလုပ်လုပ်နိုင်မှုကိုစမ်းသပ်ရန်လိုအပ်သည်။ယင်းစမ်းသပ်ချက်ဖြင့် နှလုံးကြွက်သားသို့သွေးရောက်မှုနည်းခြင်းမှာသွေးကြောများတွင်ဖြစ်သလားစသည်သိရှိနိုင်ပြီးဆရာဝန်အ နေဖြင့်လူနာနှင့်သင့်တော်မည့်လေ့ကျင့်ခန်းကိုလုပ်ဆောင်ရန်အကြံပြုနိုင်မည်ဖြစ်သည်။

 

မည်သူတို့သည် လေ့ကျင့်ခန်းပြုလုပ်ပြီးနှလုံးရောဂါကိုစမ်းသပ်ခြင်းပြုလုပ်ရန်လိုအပ်ပါသလဲ

အမျိုးသားများတွင်အသက် ၄၅ နှစ်အထက်နှင့်အမျိုးသမီးများတွင်အသက် ၅၅ နှစ်အထက်သွေးချိုဆီးချို ရောဂါရှိသူများ၊သွေးတိုးရောဂါရှိသူများ၊ကိုလက်စထရောများသူများ၊ဆေးလိပ်သောက်သူများ၊ကိုယ်အလေးချိန်များသူများ၊မိသားစုအတွင်းနှလုံးကြွက်သားသို့သွေးရောက်မှုနည်းသောရောဂါရှိသူများပြုလုပ်ရန်လိုအပ်ပါသည်။အထူးသဖြင့်သင့်တွင်ရင်ဘတ်အောင့်လျှင်လည်းကောင်း၊အသက်ရှူတိုတောင်းလျှင်လည်းကောင်း၊သတိလစ်မေ့မြောခြင်း၊နှလုံးခုန်မြန်ခြင်းနှင့်မမှန်ခြင်းနှင့်နှလုံးသွေးလည်ပတ်မှုပုံမမှန်လျှင်လေ့ကျင့်ခန်းပြု လုပ် ပြီးနှလုံးရောဂါကိုစမ်းသပ်ခြင်းပြုလုပ်ရန်လိုအပ်ပါသည်။

 

ပဲ့တင်သံဖြင့်နှလုံးစမ်းသပ်ခြင်း (Echocardiography)

၎င်းစက်ကိုအသုံးပြု၍လူနာ၏နှလုံးအနေအထား၊နှလုံး၏အလုပ်လုပ်ဆောင်ချက်၊နှလုံးအဆို့ရှင်များ၊နှလုံး ကြွက်သားများ၊နှလုံးအမှေးလွှာတို့၏အခြေအနေများနှင့်နှလုံးသွေးလည်ပတ်မှုကိုဆရာဝန်မှစမ်းသပ်သိရှိနိုင်သည်။

 

ပဲ့တင်သံနှလုံးစမ်းသပ်စက်ဖြင့်မည်သည့်လူနာများစမ်းသပ်ရန်လိုအပ်သနည်း

အသက်ရှူတိုတောင်းခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံးခုန်မမှန်ခြင်းမြန်ခြင်း၊မူးလဲခြင်း၊သတိလစ်ခြင်းစသည့် ဝေဒနာခံစားရသည့်လူနာများအနေဖြင့်နှလုံးစမ်းသပ်စက်ဖြင့်စမ်းသပ်စစ်ဆေးရန်လိုအပ်သည်။နှလုံးစမ်းသပ်စက်ဖြင့်စမ်းသပ်ရာတွင်သော်လည်းကောင်းအိတ်စ်ရေးစက်ဖြင့်စမ်းသပ်ရာတွင်သော်လည်းကောင်းနှလုံးကြီးနေကြောင်း၊ပုံစံမမှန်သောနှလုံးခုန်သံရှိနေကြောင်း၊နှလုံးရောဂါနှင့်ဆက်စပ်သောအသံရှိနေကြောင်းနှင့်မွေး ရာပါနှလုံးရောဂါခံစားနေရသူဟုသံသယရှိနေကြောင်း၊နှလုံးမူမမှန်သောလက္ခဏာများဖြစ်သည့်နှုတ်ခမ်းဖြူ ဖျော့ခြင်းလက္ခဏာရှိသောလူနာများအနေဖြင့်နှလုံးစမ်းသပ်စက်ဖြင့်စမ်းသပ်စစ်ဆေးရန်လိုအပ်ပါသည်။

crd

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။