သတင်း နှင့် ဗဟုသုတများ

blog photo
  • 2023-12-02

ယနေ့ အိမ်၊ ခြံ၊ မြေ၊ ဂရန် နှင့် GP/SP (General/Special Power)

၁ရက် ဒီဇင်ဘာ ၂၀၂၃ မှ စပြီး အိမ် ခြံ မြေ ဝယ်ယူသူများအတွက် သတိထားပြီးဝယ်ယူရမယ့် အခြေအနေလေးတစ်ရပ်ကိုဖော်ပြပေးချင်ပါတယ်။

 
ယခင် အိမ် ခြံ မြေ ရောင်းဝယ်ရာတွင် ရောင်းသူနှင့် ဝယ်သူကြား SP/GP သည် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေခဲ့ပါသည်။
 
 
မိမိဝယ်ယူသော အိမ် ခြံ မြေ အတွက် လတ်တလော အခွန်မဆောင်နိုင်သေးလျှင်သော်လည်းကောင်း၊ အကြောင်းကြောင့် အခွန်ဆောင်ဖို့ အဆင်မပြေသေးလျှင်သော်လည်းကောင်း၊
အထူးကိုယ်စားလှယ်လွှဲစာ (SP) (သို့) အထွေထွေကိုယ်စားလှယ်လွဲစာ (GP) လွဲယူပြီး မိမိတို့ အခွန်ဆောင်ဖို့အဆင်ပြေသည့်အချိန်မှသာ အမည်လွှဲပြောင်းခြင်းကိုဆောင်ရွက်လေ့ရှိကြသည်။
 
ဂရန်အမည်ပေါက်လွှဲပြောင်းရာတွင် ရာဖြတ်ရုံးမှာအခွန်တင်၊ ရန်ကင်းမှတ်ပုံတင်စာချုပ်ရုံးမှာ မှတ်ပုံတင်စာချုပ်ကြီးချုပ်၊ ပြီးမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့မြေစာရင်းရုံးတွင် အမည်ပြောင်းအဆင့်ကိုဆက်လက်လုပ်ဆောင်ရပါသည်။
 
ထိုသို့ဆောင်ရွက်ရာတွင် အချို့သောဝယ်ယူသူများသည် စာချုပ်ကြီးအဆင့်တွင်ရပ်ထားပြီး အမည်ပြောင်းအဆင့်ကို အကြောင်းအမျိုးမျိုးကြောင့်ချန်ထားလေ့ရှိသည်။ အဆိုပါ စာချုပ်ကြီး အဆင့်တွင် ရောင်းချလိုပါက ရောင်းသူမှ အရောင်းမြေပုံထုတ်ပြီး ဝယ်ယူသူ သို့ အထူးကိုယ်စားလှယ်လွှဲစာ (SP) ပေးကာ ဝယ်ယူသူမှ အခွန်ဆောင်ကာ အမည်ပြောင်းအဆင့်သို့ သွားလေ့ရှိကြပါသည်။
 
အလားတူ ဂရန်အမည်ပေါက်ပိုင်ရှင်ကွယ်လွန်သွားပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်းဖြင့် ဂရန်အမည်ဖောက်ပြီး အရောင်းအဝယ်ပြုလုပ်ကြရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပိုင်ဆိုင်ကြောင်းနှင့်အရောင်းမြေပုံထုတ်ပြီး စာချုပ်ရုံးတွင် ပိုင်ဆိုင်ပြောင်းမှတ်ပုံတင်ကာ ဝယ်ယူသူသို့ တစ်ပါတည်း SP ပေးကာ အဆိုပါအဆင့်တွင် အရောင်းအဝယ်ပြီးမြောက်ကြသည်။ 
 
ယခု(1.12-2023) ရက်နေ့ကစပြီး အထက်ပါ အဆင့်များအတိုင်းအမည်ပေါက်ပြောင်းလဲမရနိုင်တော့သည်ကို သတိချပ်စေချင်ပါသည်။
 
 မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ (လယ်ယာမြေအပါအဝင်) ၏ ပိုင်ဆိုင်မှုကို SP, GP (လယ်ယာမြေများအပါအဝင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၏ပိုင်ဆိုင်မှုကို အလွှဲအပြောင်းပြုလုပ်ရန် လွှဲအပ်ခြင်း)ဆောင်ရွက်မည်ဆိုပါက လွှဲအပ်မည့်ဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်ဥပဒေအပါအဝင် သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ကျသင့်သောအခွန်များ ပြည့်စုံစွာထမ်းဆောင်ပြီးဖြစ်သည့် ပိုင်ဆိုင်မှု အလွှဲအပြောင်းစာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်သည့်အချိန်မှသာ Special Power / General Powerကို တစ်ပါတည်း ဆောင်ရွက်လို့ရတော့မှာဖြစ်ပါတယ်။ 
ထို့အပြင် မှတ်ပုံတင်စာချုပ်ဖြင့် ထုတ်ထားသော အရောင်းမြေပုံများကို ရာဖြတ်ရုံးမှအခွန်တင်ခွင့်မပေးသဖြင့် စည်ပင်တွင်အမည်ပြောင်းအဆင့်ကိုဆောင်ရွက်ပြီးမှသာ ဝယ်ယူသူအမည်ပေါက်ရရှိရန် ဆောင်ရွက်လို့ရနိုင်တော့မည် ဖြစ်ပါကြောင်း နှင့် အမွေဆက်ခံပိုင်ဆိုင်ပြောင်းနှင့်အမည်‌ပြောင်းဆောင်ရွက်ရာတွင် ပိုင်ဆိုင်ကြောင်းစာချုပ်ကြီးချုပ်ပြီး အမည်ပေါက်ရန်စည်ပင်ရုံးတွင်ဆောင်ရွက်ပြီးမှသာ ဝယ်ယူသူ အမည်ပြောင်းဆောင်ရွက်လို့ရတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်
 
Housing For All Co.,LTd
Founder-Daw Thin Thin Soe
ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။