သတင်း နှင့် ဗဟုသုတများ

blog photo
  • 2025-10-15

အိမ် ခြံ မြေ မှာ ပေ ၂၀ ၆၀ ခွဲရောင်းမည့်သူများ သတိထားရမည့် Payment

လူကြီးမင်းတို့၏ အိမ် ခြံ များရောင်းဝယ်ရာတွင် ရောင်းမှား /ဝယ်မှား ဖြစ်ကြတယ်ဆိုတဲ့စကားလုံးလေးကို ကြားဖူးကြမှာပါ။ ရောင်းမှားဆိုတာဘယ်လိုမျိုးကိုပြောတာလဲ သိချင်ကြမယ်ထင်ပါတယ်။

ဥပမာဆိုကြပါစို့ 

မိမိမှာ ပေ ၄၀ ၆၀ ခြံကွက်ကိုပိုင်ဆိုင်ထားပြီး အိမ်ဆောက်ချင်လို့ပဲဖြစ်ဖြစ် ငွေကြေးလိုအပ်လို့ပဲဖြစ်ဖြစ်( ပေ ၂၀ ၆၀) ပိုင်းရောင်းတဲ့အခါ ဝယ်ယူသူရှေ့နေရဲ့ Payment ကို မျှတမှုရှိအောင် ဆောင်ရွက်ထားခြင်းရှိမရှိ သေချာစီစစ်ညှိနှိုင်းဖို့လိုပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် ဝယ်ယူသူရှေ့နေတွေအနေနှင့်လည်း အတွေ့အကြုံများစွာရှိတာမို့ ဝယ်သူအတွက် Cover ဖြစ်တဲ့ပုံစံမျိုးနဲ့ပဲညှိနှိုင်းပေးကြမှာပါ။ 

နှစ်ဘက်ညှိနှိုင်းရာတွင် အကြမ်းဖျင်းအားဖြင့် ပထမစရံ  ဒုတိယစရံ နောက်ဆုံးပေးချေခြင်း ဆိုတဲ့ ပေးချေတဲ့ အပိုင်းအနေနဲ့ အနည်းဆုံး ၃ ပိုင်းနှင့်အထက်ညှိနှိုင်းကြရပါတယ်။ ထိုသို့ပေးချေရာတွင် ဝယ်သူတွေအနေနှင့်  ပထမစရံနှင့်ဒုတိယစရံတွင် ရောင်း‌ဈေးရဲ့ ၃ ပုံ ၁ ပုံ သို့မဟုတ် တစ်ဝက်ကိုပေးတာမျိုး ပုံစံဖြင့် များသောအားဖြင့် ပေးချေလေ့ရှိပြီး ကျန်ငွေများကို အပိုင်းပိုင်းပေးချေတတ်ကြပါသည်။ ပြသာနာက ဒီအပိုင်းပိုင်းပေးချေခြင်းပဲဖြစ်ပါသည်။ ဘာကြောင့်လဲဆိုပါလျင် ဂရန်ခွဲစိတ်ခြင်းသည် အကြမ်းဖျင်းအားဖြင့် အနည်းဆုံး ၈လမှ (၁)နှစ်ကျော်ကြာတတ်သည့်အခြေအနေမှာရှိတာမို့ အပိုင်းပိုင်းပေးချေထားသောငွေများမှာ ကိုယ်အလိုရှိတဲ့အချိန်မှာ မရနိုင်တာမျိုးဖြစ်တတ်ကြပါသည်။ ရောင်းမှားဆိုတာ ဒီလိုအချိန်ရောက်မှသိကြတာမို့ စရံစပေးပြီဆိုကတည်းက မိမိတို့လိုချင်တဲံ Payment ကို ညှိတတ်ဖို့လိုအပ်ပါသည်။ ဒီလိုညှိနှိုင်းရာတွင် နားလည်တတ်ကျွမ်းသူ သို့ ရှေ့နေခေါ်ထားပြီးညှိတာမျိုးက အဆင်ပြေနိုင်သည်ကို တင်ပြလိုက်ရပါသည်

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။