သတင်း နှင့် ဗဟုသုတများ

blog photo
  • 2022-12-16

မြေပုံမြေရာဇဝင် ရေးကူး ၊မြေတိုင်းတားပေးခြင်း

 

  • ရွာမြေ၊ ဉယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည်။ မြေတိုင်းတားပေးသည်။
  • လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည်။
  • အဆောက်အဉီးဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။
  • စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည်။
  • ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။
  • မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ၊ ဘိုးဘွာပိုင်မြေ (အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည်။
  • သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန်အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့်ရှိသည်။

ဆောင်ရွက်ရပုံခြင်း မတူပါ

ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။