
- 2025-10-23
ဂရန်သက်တမ်းတိုး ဘယ်လိုလျှောက်ထားမလဲ ?
ဂရန်သက်တမ်းတိုး ဘယ်လိုလျောက်ထားမလဲ ?
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်
၄င်းတို့မှာ----
(၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊
(၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)
(၃) ဂရန်သက်တမ်းတိုး( ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)
(၄) သက်တမ်းတိုး၊ အမည်ပြောင်း( အမည်လည်းပြောင်းမည်၊ သက်တမ်းလည်းတိုးမည်။)
(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း ( ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)
(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း( သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်းလျှောက်ထားခြင်း)
(၇) ဂရန်မိတ္တူလျှောက်ထားခြင်း( ဂရန်မူရင်းပျောက်ဆုံးသွား၍ အမည်ပြောင်းခြင်း မပြုဘဲ ဂရန် မိတ္တူ လျှောက်ထားခြင်း)
(၈) တောမှ မြိုပြောင်းလျှောက်ထားခြင်း( ယခင် ပုသိမ်ကြီးမြိုနယ် နှင့် အမရပူရမြိုနယ်ပြင်ပရှိမြေတိုကို ထုတ်ပေးထားသည့် တောဂရန်မြေ များကို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ် အတွင်းကျရောက်လာသဖြင့် တောဂရန်မြေမှ မြိုဂရန်မြေအဖြစ်လျှောက်ထားခြင်း)
(၉) တောမှ မြိုပြောင်း၊ အမည်ပြောင်း ( တောဂရန်မြေမှ မြိုဂရန်မြေအဖြစ်ပြောင်းလဲခြင်းအပြင် အမည်ပါပြောင်းလဲပေးရန် လျှောက်ထားခြင်း)
ဟူ၍ ဂရန်လျှောက်ထားနည်း အမျိုးမျိုးရှိကြပါသည်။
( လျှောက်ထားနိုင်သူများ )
အမည်ပေါက်ကိုယ်တိုင် (သိုမဟုတ်) အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ဖြင့် ဆက်စပ်ပိုင်ဆိုင်သူ
( လျှောက်လွှာပုံစံ )
ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရပါမည်။
( ဥပမာ ) - မဟာရန်ကုန်မြိုတော်တွင် ဆိုပါက ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ မြိုပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံ ၊ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ နှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင်လည်း အလားတူ သက်ဆိုင်ရာဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန် ဖြစ်ပါသည်။
( လျှောက်ထားရမည့် ကာလ )
ဂရန်သက်တမ်းကုန်ဆုံးရန် (၃) လအလိုကပင် လျှောက်ထားနိုင်ပါသည်။
( ဂရန်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ )
(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) ဂရန်စာချုပ်မိတ္တူမှန်၊
(၃) အမွေဆက်ခံခြင်းဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြောညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊
(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ် စာချုပ်မိတ္တူမှန်၊
(၅) တရားမမှုခင်းဖြစ်ပွားသည့် မြေအမျိုးအစားဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ (၁၀၆)၊
(၆) မြေခွန်ပြေစာမိတ္တူမှန်၊
(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၈) အဆောက်အအုံဓာတ်ပုံ၊
(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ၊
(၁၀) အမည်ပေါက်၊ အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။
( ကြာမြင့်ချိန် )
မြိုဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာတွင် ကြော်ငြာပြီး၊ ကန့်ကွက်သူမရှိ၊ အရှုပ်အရှင်းတစ်စုံ တစ်ရာ မရှိပါက (၁) လအတွင်း ဂရန်လျှောက်ထားမှုကို ရနိုင်ပါသည်။