သတင်း နှင့် ဗဟုသုတများ

blog photo
  • 2022-12-16

မြေကွက်ခွဲကြမည်

  • မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ(အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့် မြေဌားဂရန်မြေများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင် ခွဲစိတ်ပေးပါသည်။
  • ခွဲစိတ်ရန်လျှောက်ထားသည့်မြေကွက်အတိုင်းအတာသည် မျက်နှာစာဖက်တွင် အနည်းဆုံး ပေ (၂၀)ရှိရမည် ဖြစ်ပြီး မြေတစ်ကွက်လုံး၏ စုစုပေါင်းဧရိယာသည် အနည်းဆုံး(၁၂၀၀) စတုရန်းပေရှိရပါမည်။
  • ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်များသို့ ဝင်ထွက်သွားလာရန် လုံလောက်သော လမ်းပါရှိရပါမည်။ ကော်မတီပိုင် လမ်းမရှိပါက ကိုယ်ပိုင်လမ်း လျာထားပေးရပါမည်။
  • မြေကွက် ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံတို့ကင်းလွတ်မှုရှိရပါမည်။
  • လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ မြေတိုင်းလျှောက်ထားစဉ်ကတင်ကပြခဲ့သော အထောက်အထားများအပြင် တစ်နှစ်အတွင်း သက်တမ်းရှိသည့် ဌာနမှ ထုတ်ပေးထားသော မြေကွက်ခွဲစိတ်ရန် မှန်ကန်ကြောင်း သက်သေခံသည့်မြေပုံနှင့် မြေရာဇဝင်မူရင်း၊ အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ၊ ကော်မတီက အသိအမှတ်ပြု လိုင်စင်ရအင်ဂျင်နီယာရေးဆွဲထားသည့် မြေကွက်ခွဲစိတ်ရန်အဆိုပြုမြေပုံ (၃) စုံ နှင့် အသေးစိတ်တွက်ချက်မှုပုံစံ (၃) စုံမူရင်းများ ရှိရပါမည်။
  • လျှောက်ထားသူ တင်ပြသော အထောက်အထားများ ပြည့်စုံမှန်ကန်ပါက ဌာနမှ ကွင်းဆင်းတိုင်းတာ စစ်ဆေးပါသည်။
  • ဌာနမှ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှန်ကန်ပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေကွက်ခွဲအတည်ပြုပုံစံနှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံများထုတ်ပေးပါသည်။
  • ဌာနရှိ မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင်လည်း ဉီးပိုင် အသစ်များ ခွဲစိတ်မှတ်သားပါသည်။
  • ခွဲစိတ်သည့် မြေကွက်သည် ဂရန်မြေဖြစ်ပါက ဂရန်ခွဲဆက်လက်ဆောင်ရွက်ရန်နှင့် မြေပိုင်မြေဖြစ်ပါကအမှားပြင်စာချုပ် ချုပ်ဆိုရန် လိုအပ်သည်။
ဒီပို့စ်ကို မျှ‌ဝေလိုက်ပါ။